အာဏာရပါတီတစ်ခုရဲ့ ညီလာခံဟာ အာဏာလွန်ဆွဲပွဲတွေနဲ့ အမြဲဒွန်တွဲနေတတ်ပါတယ်။
စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီညီလာခံ အကြိုကာလမှာလည်း အငြင်းပွားမှုတွေ စတင်နေပါပြီ။
အစိုးရအဖွဲ့ထဲပါသွားတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီထဲမှာကျန်ခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်လည်း ပါတီဥက္ကဋ္ဌနေရာယူလာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်လာနေပါတယ်။အာဏာရပါတီတစ်ခုရဲ့ ညီလာခံဟာ အာဏာလွန်ဆွဲပွဲတွေနဲ့ အမြဲဒွန်တွဲနေတတ်ပါတယ်။
စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီညီလာခံ အကြိုကာလမှာလည်း အငြင်းပွားမှုတွေ စတင်နေပါပြီ။
အစိုးရအဖွဲ့ထဲပါသွားတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီထဲမှာကျန်ခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်လည်း ပါတီဥက္ကဋ္ဌနေရာယူလာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်လာနေပါတယ်။

အငြင်းပွားမှု ဘယ်ကစ
အစိုးရအဖွဲ့ထဲပါသွားတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က ပါတီမှာရှိတဲ့ သူတို့ရဲ့ ရာထူးတွေ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ စိုးရိမ်ချက်ကနေ စပါတယ်။
USDP ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဦးမျိုးဇော်သိမ်းက သမ/ကျေးလက် ဝန်ကြီး အဖြစ်အစိုးရအဖွဲ့ထဲပါဝင်နေပါတယ်။
ဒုတိယသမ္မတဒေါ်နန်းနီနီအေးနဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုး၊ ဦးရဲမြင့်ထွန်း၊ ဦးမောင်မြင့်တို့က USDP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။
“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဗဟိုကော်မတီဝင်နေရာပဲပေးတော့မယ်လို့ သတင်းတွေထွက်လာတယ်။ ဒါကိုမကျေနပ်ကြတာ” လို့ အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။