ကျွဲ၊နွားတွေနဲ့ပါ ကုန်သယ်နေကြရပြီ (ရုပ်/သံ)

ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ကားလမ်းတွေကနေ ကုန်တင်ကားတွေနဲ့ အချိန်တိုအတွင်း အလွယ်တကူ သယ်ယူပို့ဆောင်ကြတဲ့အခြေအနေဟာ အခုအခါမှာတော့ စက်မှုမဖွံ့ဖြိုးခင် နွားလှည်းတွေ၊ မြင်းလှည်းတွေနဲ့ ကုန်စည် သယ်ဆောင်ခဲ့ကြတဲ့ ဟိုးအရင် ခေတ်ကို ပြန်ရောက်သွားခဲ့ပါပြီ။

မြစ်ကြီးနားကို ကုန်သည်ပို့ဆောာင်ရာမှာ အရင်က မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းကို အသုံးပြုခဲ့ပေမယ့် အခုချိန်မှာ အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အသုံးပြုလို့မရတဲ့အတွက် မန္တလေးနဲ့ မြစ်ကြီးနား ပြေးဆွဲနေတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်တွေဟာ အင်းတော်မြို့ကို ရှောင်ကွင်းပြီး ရွာချင်းဆက်လမ်းတွေကနေ သွားလာ နေရတယ်လို့ ကုန်ကားမောင်းသူတဦးက ပြောပါတယ်။

အစားထိုးအသုံးပြုနေရတဲ့ အင်းတော်ကွင်းလမ်းဟာ မြေသားလမ်းဖြစ်တာ​ကြောင့် မိုးဆက်တိုက်ရွာသွန်းချိန်မှာ ကားတွေ ဗွက်နစ်တာ၊ လမ်းချော်တာနဲ့ အတက်အဆင်းကားတွေနဲ့ ပိတ်မိတာတွေကြောင့် သွားလာဖို့ ခက်ခဲနေပြီး ကျွဲ၊နွား​တွေနဲ့ ကုန်သယ်​နေကြရပါတယ်။

Your Ad Here
Ad Size: 336x280 px

Share this article