[latest_news_marquee]

ကမ္ဘာတစ်ဝန်း ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုမြင့်မားနေပြီး အယ်လ်နီညိုရာသီဥတုကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင် ဟုဆို

ကမ္ဘာတစ်ဝန်းဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုမြင့်မားနေပြီး အယ်လ်နီညိုရာသီဥတုကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဆွစ်ဇာလန်နိုင်ငံ  ဂျီနီဗာမြို့တွင် အခြေစိုက်သည့် ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO) က ထုတ်ပြန်ထားပါတယ်။

WMO ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ကိုဘာရက်က “PPM ပမာဏတိုးလာတိုင်း အပူချိန် ပိုမိုမြင့်တက်လာစေရန် ဆွဲတင်ပြီးသက်သေပြနေပါတယ်။ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုများလာလေ သမုဒ္ဒရာနဲ့ ကမ္ဘာ့လေထုအတွင်း အပူချိန်မြင့်တက်လာလေဖြစ်နေတဲ့ အတွက် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုနှုန်းကို ပိုမိုမြင့်တက်လာစေပါတယ်”လို့  ပြောကြားထားပါတယ်။

ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးစီမံချက်များကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆောင်ရွက်နေသော်လည်း ၂၀၂၆ ခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတုအားကောင်းနေသည့်အတွက် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှုန်း ပိုမိုမြင့်မားလာဖွယ်ရှိနေကြောင်း၊ ၂၀၂၅ ခုနှစ်က ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် စံချိန်တင်လောက်သည့် ပမာဏဖြစ်ပြီး ၄၂၅ ဒသမ ၈ PPM (Part Per Million) ဖြစ်ခဲ့ပြီး ၂၀၂၆ ခုနှစ် နှစ်မကုန်မီတွင် ၂၀၂၅ ခုနှစ်ကထုတ်လွှတ်ခဲ့သည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ပမာဏထက် ၂ ဒသမ ၈ PPM ပိုမိုမြင့်မားနေကြောင်း WMO က ဆိုထားပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News