[latest_news_marquee]

ထားဝယ်ဒေသစီမံကိန်းများအပါအဝင် မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆွေးနွေး

စွမ်းအင်နှင့် ပတ်သက်လို့ ထားဝယ်ဒေသစီမံကိန်းများအပါအဝင် မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စွမ်းအင်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဟာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့်အတူ အောက်တိုဘာ ၃၁ ရက် က ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan နှင့်လည်းကောင်း၊ ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Maxim Reshetnikov နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ထားဝယ်ဒေသစီမံကိန်းများသည် ဒေသတွင်း နိုင်ငံများ နှင့် ကုန်စည် ကူးသန်း ရောင်းဝယ်နိုင်ရန်အတွက် အချက်အချာကျသည့် နေရာတစ်ခုဖြစ်လာမည့် အခြေအနေ၊ သုံးနိုင်ငံစလုံး အတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်၍ အမြန်ဆုံး အကောင်အထည်ဖော်ပြီးမြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်သည် မြင့်တက်လျက်ရှိရာ နှစ်နိုင်ငံပူးပေါင်း၍ ဖြေရှင်းနိုင်ရန် ကြိုးစားနေမှု အခြေအနေ၊ LNG သည် ကျစ်လျစ်သိပ်သည်းစွာ သယ်ဆောင်နိုင်ပြီး သန့်ရှင်းသည့်စွမ်းအင်အဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယနေ့စွမ်းအင် အသွင်ကူးပြောင်းရေးကာလတွင် အထူးအရေးပါသည့် စွမ်းအင် ဖြစ်နေသည့်အတွက် LNG ကုန်သွယ်မှုများ မြင့်တက်လာနေသည့် အခြေအနေ၊ ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံ သို့ သယ်ဆောင်ပြီး ထိုင်းနိုင်ငံက မျှဝေသုံးစွဲနိုင်ခြင်းဖြင့် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ စွမ်းအင်အခက်အခဲကို ဖြေရှင်း နိုင်မည့်အခြေအနေတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ထားဝယ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့လည်းကောင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းပြီးဖြစ်ရာ ယင်းအခြေခံကောင်းများကို အသုံးချ၍ ထားဝယ်ဒေသတွင် LNG Terminal တည်ဆောက်နိုင်သည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့်ရှရှားနိုင်ငံတို့ အကြား LNG အပါအဝင် လောင်စာဆီတင်ပို့နိုင်ရေးအတွက် MoU ရေးထိုးပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မကြာမီအချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU ရေးထိုးနိုင်တော့မည်ဖြစ်ရာ သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကုန်သွယ်မှုများစတင်နိုင်ရန် အချိန်အခါကောင်း ဖြစ်သည့်အခြေအနေ၊ မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသတွင် ရင်းနှီးမြှုပ်နှံ၍ ဆက်လက် ဆောင်ရွက်သွားကြမည့် စီမံကိန်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News