အချိန်ကြာမြင့်စွာ ထိုင်နေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးကြောဆိုင်ရာ ဆိုးကျိုးတွေကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်ရုံနဲ့ လုံးဝကာကွယ်နိုင်ခြင်းမရှိတာကို ပညာရှင်များက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါလဟိုဇီတက္ကသိုလ်မှ သုတေသီများက အသက်ငယ်ရွယ်သူ ၂၁ ဦးကို ၁၂ ပတ်ကြာ လေ့လာဆန်းစစ်ခဲ့ရာ အဆိုပါ သုတေသနအတွင်း ပြင်းထန်လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ ကြံ့ခိုင်မှုကောင်းမွန်လာပေမယ့် ၂ နာရီဆက်တိုက် ထိုင်နေပြီးတဲ့ နောက်မှာတော့ တံကောက်ကွေးနောက်ရှိ သွေးကြော သွေးလှည့်ပတ်မှုနဲ့ ဆန့်ကားနိုင်စွမ်းဟာ လေ့ကျင့်ခန်း မလုပ်သူတွေနဲ့ တူညီစွာပင် ကျဆင်းသွားတာကို တွေ့ရှိခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်တာက နှလုံးနဲ့သွေးကြော ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပေမယ့် အချိန်အကြာကြီးထိုင်နေတာကို လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ အစားထိုးကာကွယ်လို့ မရနိုင်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။
ယင်းအတွက်ကြောင့် ကြံ့ခိုင်မှုကောင်းမွန်နေရင်တောင် အထိုင်မလွန်စေဖိုအတွက် အလုပ်လုပ်နေစဉ်အတွင်း မကြာခဏ ထထိုင်တာ၊ လမ်းလျှောက်တာနဲ့ လှုပ်ရှားမှုပြုလုပ်ပေးဖို မဖြစ်မနေလိုအပ်တယ်လို့ သုတေသနပညာရှင်များက သတိပေးထားပါတယ်။






