[latest_news_marquee]

အာဂျင်တီးနား လက်ရွေးစင်အသင်းကစားသမားဘဝမှ အနားယူပြီဖြစ်တဲ့ မက်ဆီ Messi

အာဂျင်တီးနားအသင်းနှင့် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင်အသင်းကစားသမားဘဝမှ အနားယူပြီလို့ ဩဂုတ် ၃၁ ရက်က အတည်ပြု ကြေညာလိုက်ပါတယ်။ အသက် ၃၉ နှစ်ရှိ မက်ဆီသည် ၂၀၀၅ ခုနှစ်မှ စတင်ကာ အာဂျင်တီးနားအသင်း နှင့်အတူ နိုင်ငံတကာပွဲများတွင် စတင်ပါဝင်ကစားခဲ့ပြီး နှစ်ပေါင်း ၂၁ နှစ်ကြာကစားခဲ့ပြီးနောက် အာဂျင်တီးနားအသင်းကစားသမားဘဝမှ အနားယူရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ မက်ဆီက အာဂျင်တီးနားအသင်း ကစားသမားဘဝမှ အနားယူရန်အတွက် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက စီစဉ်ထားသော်လည်း ယခုတွင်မှ အာဂျင်တီးနားအသင်းကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၀၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုတစ်ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလားချန်ပီယံဆုတစ်ကြိမ် နှင့် Finalissima ဆုဖလားတစ်ကြိမ်၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ကိုပါအမေရိကဖလားချန်ပီယံဆု ၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အလားတူ မက်ဆီသည် အာဂျင်တီးနားအသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲစုံ ၂၀၇ ပွဲပါဝင်ကစားခဲ့ပြီး ၁၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်းတွင် သွင်းဂိုးအများဆုံး ကစားသမား၊ နိုင်ငံတကာပွဲ အများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ မက်ဆီသည် အာဂျင်တီးနားအသင်း ကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့သော်လည်း ကလပ်အသင်းကစားသမားဘဝ အနားယူမည့်အချိန်ကို ကြေညာထားခြင်းမရှိသေးဘဲ အင်တာမိုင်ယာမီအသင်းနှင့် ယခုနှစ်ဘောလုံးရာသီ အကုန်ထိ စာချုပ်သက်တမ်းကျန်ရှိနေသေးကြောင်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News