[latest_news_marquee]

တညင်းကုန်းတွင် ၄ လမ်းသွား မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်သွားမည်

တညင်းကုန်းတွင် ၄ လမ်းသွား မီးရထားလမ်းခုံးကျော်တံတားကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ မီးရထားလမ်း ခုံးကျော်တံတားကို PC Girder ၊ Steel Box Girder များနဲ့တည်ဆောက်သွားမှာဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်ကားလမ်းတို့ ဆုံရာတွင် တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုလမ်းပေါ်တွင် Express ယာဉ်၊ ကုန်တင်ယာဉ်၊ ခြောက်ဘီးအထက်ယာဉ်များနှင့် အိမ်စီးကား ၃,၀၀၀ ကျော်ခန့်နှင့် ရန်ကုန်-ပြည် မီးရထားလမ်းတွင်လည်း မြို့ပတ်ရထားများအပါအဝင် အစုန်/အဆုန် ရထား ၂၃ စီး နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိသည့်အတွက် တံတားတည်ဆောက်ပြီးစီးပါက ယာဉ်ကြောပိတ်ဆို့မှုများကို ဦးစွာ ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ ဩဂုတ် ၂၀ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်မှ တံတားတည်ဆောက်မည့် အခြေအနေကို  သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။

တံတားတည်ဆောက်မည့် စီမံကိန်းကာလတွင် လျှပ်စစ်/ဆက်သွယ်ရေးတိုင် ရွှေ့ပြောင်းရမည့် ကိစ္စရပ်များ၊ တညင်းကုန်းဈေး အဝင်လမ်း လမ်းလွှဲရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များ စသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်၊ တံတားတည်ဆောက်ဆဲ ကာလတွင် ယာဉ်သွားလာမှု လမ်းကြောင်းများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန်တို့ကို ဒုတိယဝန်ကြီးက မှာကြားခဲ့တယ်လို့ သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News