[latest_news_marquee]

ရန်ကုန်-ချန်တူး တိုက်ရိုက်လေကြောင်းလိုင်း မိတ်ဆက်ပွဲ နှင့် ပါးဆူ ယဉ်ကျေးမှုစင်္ကြံက မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လမ်းကြောင်းသစ် 

ရန်ကုန်-ချန်ဒူး တိုက်ရိုက်လေကြောင်းလိုင်းနှင့် ပါးဆူ (Ba-Shu) ယဉ်ကျေးမှုစင်္ကြံ ခရီးသွားလာရေး ထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားကို ဩဂုတ် ၂၆ ရက်နေ့ကရန်ကုန်မြို့ရှိ Wyndham Grand Hotel ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၊ Chengdu Haiyou Holiday International Travel Service ကုမ္ပဏီလီမိတက် ၊ Chongqing Silu International Travel Service ကုမ္ပဏီလီမိတက်တို့က ပူးတွဲတာဝန်ယူကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့က ကူညီလမ်းညွှန်ခဲ့ကာ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၊ ချုံချင့်မြို့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့က ကူညီပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ယခု တိုက်ရိုက်လေကြောင်းလိုင်းကြောင့် နှစ်နိုင်ငံအကြား သွားလာကြမည့် ခရီးသည်များအနေဖြင့် လေယာဉ်ပြောင်းစီးရသည့် ဒုက္ခမှ ကင်းဝေးစေပြီး ခရီးစဉ်ကြာချိန် ၃ နာရီခွဲသာ ကြာမြင့်မှာဖြစ်လို့ ခရီးသွားလာရေး ထိရောက်မှုကို သိသာစွာ မြှင့်တင်ပေးနိုင်မယ်လို့လည်း သိရပါတယ်။ အဆိုပါ လေကြောင်းလိုင်းကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က Airbus အလတ်စား လေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလျှင် အနည်းဆုံး ခရီးသည် ၁၃၀ ထက်မနည်း စီးနင်းနိုင်မှာဖြစ်သလို လေကြောင်း လိုင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် စတင်မည်ဖြစ်ပြီး အစပိုင်းတွင် တစ်ပတ်လျှင် ၃ ခေါက်၊ စတင်ပြေးဆွဲသည့် ကာလတွင် ၂ ပတ်လျှင် ၃ ခေါက်နှုန်းဖြင့် ပြေးဆွဲမယ်လို့ သိရပါတယ်။

လေယာဉ်ခရီးစဉ်များကို အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ စနေနေ့များတွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်ကာ အပြန်ခရီးစဉ်များကို အပတ်စဉ် အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲမှာဖြစ်ပြီး အသေးစိတ် လေယာဉ်အချိန်ဇယားကို ၂၀၂၆ ခုနှစ် စက်တင်ဘာလလယ်မှ လကုန်အတွင်း တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရပါတယ်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် Haiyou နှင့် ၁ နှစ်စာ စာချုပ်ချုပ်ဆို၍ စင်းလုံးငှားလေယာဉ် (Charter Flight) အဖြစ် ပြေးဆွဲသွားမယ်လို့လည်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News