[latest_news_marquee]

ကုန်တင်ယာဉ်နှင့် တိုက်မိတဲ့ ဆီဘောက်ဆာယာဉ် မီးလောင်ပြီး အနီးရှိ အဆောက်အအုံများ မီးကူးစက်

ကုန်တင်ယာဉ်နှင့် တိုက်မိတဲ့ ဆီဘောက်ဆာယာဉ် မီးလောင်ပြီး အနီးရှိ အဆောက်အအုံများ မီးကူးစက် ——————– MFN ရန်ကုန် ။ ၂၀၂၆ ၊ စက်တင်ဘာ ၂ ရက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စက်တင်ဘာ ၁ ရက် နံနက် ၅ နာရီ ၅၅ မိနစ်မှာ ရန်ကုန်မှ မန္တလေးသို့မောင်းနှင် လာတဲ့ ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာတဲ့ ကုန်တင်ယာဉ်တို့ တိုက်မိပြီး ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်းသို့ပါ မီးကူးစက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကို တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးနဲ့ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာက နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ထိခိုက်ဒဏ်ရာ အနည်းငယ်စီသာ ရရှိခဲ့ပြီး ယာဉ်များနှင့် အနီးဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်ဆုံးရှုံးမှု အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News