ညောင်တုန်းကျွန်းတာ ယာယီကာကွယ်တဲ့ အစီအမံ ပြီးစီးတော့မှာဖြစ်ပြီး စိုးရိမ်စရာ မရှိတော့ဘူးလို့ မအူပင်ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တိုးမြစ်၏ မြစ်ရေတိုက်စားမှုကြောင့် အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် တိုက်စားမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မြစ်ကမ်းပါး ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့တဲ့ နေရာ၏ အနောက်ဘက် ပေ ၂၀၀ ခန့်အကွာမှာ အလျား ပေ ၇၀၀၊ အနံ ၁၀ ပေ ယာယီပန်းတာ တည်ဆောက်ခြင်း၊ သဲအိတ်စီခြင်း၊ တိုင်ထောက်ခြင်း လုပ်ငန်းများကို စက်အင်အား ၇ စီး၊ လူအင်အား ၁,၀၀၀ ကျော်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုးမှု မရှိကြောင်း သိရပါတယ်။







