ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၌ RFID (Radio Frequency Identification Device) စနစ် အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်သည့် အနေဖြင့် အမြန်လမ်းအသုံးပြုသည့် ကိုယ်ပိုင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် အစီးရေပေါင်း ၁၇၀၀ ကို RFID Toll Pass စနစ် တပ်ဆင်ပေးထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် RFID ပါဝင်သည့်စနစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ရ ရက်တွင် စတင်အသုံးပြုခဲ့ပြီးအောက်တိုဘာလ ၁၆ ရက်အထိကိုယ်ပိုင်ယာဉ် ၁၂၀၅ စီးနှင့် ခရီးသည်တင်ယာဉ် ၄၉၅ စီး၊ စုစုပေါင်းအစီးရေ ၁၇၀၀ ကိုတပ်ဆင်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ RFID Toll Pass စနစ်တပ်ဆင်ခြင်းများကိုရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်ရှိအမှတ်(၃)လမ်းဆုံ၊ နေပြည်တော် ကောင်စီလမ်းဆုံနှင့် စကားအင်းလမ်းဆုံတို့တွင် တပ်ဆင်ပေးနေကြောင်းသိရပါတယ်။
ဒါ့အပြင် အမှတ်(၃)လမ်းဆုံရှိ Toll Pass Station ၌ ခရီးသည်တင်မော်တော်ယာဉ်ကြီးများနှင့် ကိုယ်ပိုင်ယာဉ်များက Toll Pass Unit ဝယ်ယူ၍ Toll Pass RFID Sticker တပ်ဆင်မှုအခြေအနေ၊ အဆိုပါ စနစ်တပ်ဆင်ထားသောယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များသည် My Toll Pass Mobile Application ကိုအသုံးပြု၍ အမြန်လမ်းမကြီးတိုးဂိတ်အလိုက် မိမိဖြတ်သန်းမှုနှင့် ဖြတ်သန်းခပေးချေမှုဆိုင်ရာအချက်အလက်များအားအချိန်နှင့်တစ်ပြေးညီကြည့်ရှုနိုင်မည့်အခြေအနေတို့ကိုလည်းပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်ကဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကိုယ်တိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။
ယာဉ်များသို့ RFID (Radio Frequency Identification Device) ပါဝင်သည့် စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်ပေးခြင်းဖြင့် မော်တော်ယာဉ်များသည် တိုးဂိတ်တွင် ရပ်တန့်စရာမလိုဘဲFree flow ဖြတ်သန်းနိုင်သဖြင့် ငွေသားလေလွင့်ဆုံးရှုံးမှုများမရှိခြင်း၊ အချိန်ကုန်သက်သာခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းလည်းသိရပါတယ်။
Photo – ဆောက်လုပ်ရေးဝန်ကြီးဌာန
MFN သတင်းများအားအောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok – https://www.tiktok.com/@myanmarfuturenews
Telegram – https://t.me/myanmarfuturenews






