ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် ပစ္စည်းများ ပေးအပ်ခဲ့တယ်လို့ ယခု ညပိုင်းက နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် မနက် ၁၀ နာရီ ၄၀ မိနစ် အချိန်မှ ၁၀ နာရီ ၅၀ မိနစ် အချိန်အထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အထူးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photos- MDN






