[latest_news_marquee]

ရထားလမ်းရေကျော်မှုကြောင့် ယာယီ ဆိုင်းငံ့ခဲ့တဲ့ ကြံခင်း- ဟင်္သာတ- ပုသိမ် မီးရထား ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်

မီးရထားလမ်းရေကျော်မှုကြောင့် ရထားပြေးဆွဲမှု ယာယီဆိုင်းငံ့ခဲ့ရသည့် ကြံခင်း- ဟင်္သာတ- ပုသိမ် မီးရထားများကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ကြံခင်းမြို့နယ်မီးရထားရုံးမှ သိရပါတယ်။

လက်ရှိမှာ ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်ပြီး ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်နှင့် ကုန်စည် စီးဆင်းမှုမြန်ဆန်စေရန် အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၂)အစုန်နှင့် (၁၈၁)အဆန် အမြန်ရထားကို ပုံမှန် ပြန်လည် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ရထားခရီးစဉ်များကို အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီမှစတင်၍ ကြံခင်းဘူတာမှ ကြံခင်း-ဟင်္သာတ-ပုသိမ် မီးရထားကို ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါရထားခရီးစဉ်ဟာ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဖြတ်သန်းစီးဆင်းမှုကြောင့် ကျုံပျော်မြို့နယ်အတွင်းရှိ ဇရပ်လှ ဘူတာနှင့် ဒိုက်ပျက်ဘူတာအကြား ရထားလမ်းပေါ်သို့ ရေကျော်လွန် စီးဆင်းမှုရှိခဲ့ပြီး ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ပုသိမ် – ကြံခင်း ပြေးဆွဲလျက်ရှိသော အစုန်/အဆန် ရထားခရီးစဉ်များကို ဩဂုတ် ၃ ရက်တွင် ယာယီဖျက်သိမ်း (ဆိုင်းငံ့) ထားခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

Photo – MOI

(SOURCE; မြန်မာ့မီးရထား)

Your Ad Here
Ad Size: 336x280 px

More News