[latest_news_marquee]

၂၀၂၈ ခုနှစ်တွင် ဆန်တန်ချိန် ၅ သန်းအထိ တိုးထုတ်ပြီး ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံခန့် ရရှိရန် ရည်မှန်းထား

လာမည့်၂၀၂၈ ခုနှစ်တွင် ဆန်တန်ချိန် ၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံခန့် ရရှိရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

ဆန်တင်ပို့မှုကို နှစ်စဉ် တန်ချိန် ၄ သန်း မှ ၅ သန်းခန့်အထိ တိုးမြှင့် ထုတ်လုပ်ပြီး ဆန်တန်ချိန် ၅ သန်းခန့် တင်ပို့နိုင်ရေးအတွက် ပြည်ပပို့ကုန် ဆန်စပါး စိုက်ပျိုးရေးဇုန် ဧက ၅ သန်းအထိ ဖော်ဆောင်ပေးဖို့ လိုအပ်သဖြင့် နှစ်စဉ် တိုးတက်မှုနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်ပြီး ဆန်စပါး စိုက်ပျိုးရေးဇုန်များကိုလည်း တိုးချဲ့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ပြည်ပသို့ ဆန်နဲ့ဆန်ကွဲ တန်ချိန် ၃ သန်းခန့်တင်ပို့ရန် လျာထားပြီး ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၇၀,၆၆၂ တန် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၃၈ သန်းရရှိထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)ထံမှ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News