ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း (ကျောက်တိုင်ကွင်း)၌ နိုဝင်ဘာလ ၁၅ ရက်တွင် Mountain Bike စက်ဘီးပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင် ၄၅၀ ဦး ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှ သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကို Cherry Land Bikers (CLB) အသင်း၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် KBZ ဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲအဖြစ် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲတွင် အသက်အလိုက်အတန်းများနှင့် အမျိုးသမီးတန်း၊ အလွတ်တန်း (Open / Pro)ဟူ၍ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အမျိုးသား အသက် ၁၈ နှစ်အောက်တန်း၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိတန်း၊ အသက် ၃၆ နှစ်မှ ၄၅ နှစ်အထိတန်း၊ အသက် ၄၆ နှစ်မှ ၆၀ နှစ်အထိတန်း၊ အသက် ၆၀ နှစ်အထက်တန်း၊ အမျိုးသမီးတန်း၊ အလွတ်တန်း(Open/Pro) အသက် ၄၅ နှစ်အောက်တန်းတို့ ပါဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
အထူးစည်းမျဉ်းအနေဖြင့် အသက် ၄၅ နှစ်အောက်ပြိုင်ဝင်ပွဲများအနက် မြန်မာနိုင်ငံလက်ရွေးစင် စက်ဘီးအားကစားသမားများနှင့် ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပခဲ့သော စက်ဘီးပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများသည် အသက်အလိုက်အတန်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘဲ အလွတ်တန်း(Open/Pro)တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အသက်အလိုက်အတန်းများနှင့် အမျိုးသမီးတန်းတို့တွင် ပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၀ သိန်း၊ တတိယဆု ငွေကျပ် ၇ သိန်း၊ စတုတ္ထဆု ငွေကျပ် ၅ သိန်း၊ ပဥ္စမဆု ငွေကျပ် ၃ သိန်းနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်မှာဖြစ်ပြီး ဆဋ္ဌမမှ ဒသမအထိ နှစ်သိမ့်ဆုရရှိသူများကိုလည်း ငွေကျပ်တစ်သိန်းစီ ဆုချီးမြှင့်ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင် အလွတ်တန်း(Open/Pro)တွင် ပထမဆု ငွေကျပ် ၂၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁၀ သိန်း၊ စတုတ္ထဆု ငွေကျပ် ၇ သိန်း၊ ပဥ္စမဆု ငွေကျပ် ၅ သိန်းနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဖြစ်ပြီး ဆဋ္ဌမမှ ဒသမအထိ နှစ်သိမ့်ဆုရရှိသူများကိုလည်း ငွေကျပ်တစ်သိန်းစီ ဆုချီးမြှင့်ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
Photo Credit – Myanmar Cycling Federation






