[latest_news_marquee]

သီတင်းကျွတ်ပွဲတော်ကာလ နီးကပ်လာသဖြင့် မန္တလေးဈေးကွက်အတွင်း ရောင်စုံမီးပုံးများ အရောင်းအဝယ်သွက်နေ

သီတင်းကျွတ်ပွဲတော်ကာလ နီးကပ်လာသဖြင့် မန္တလေးမြို့ဈေးကွက်အတွင်း ရောင်စုံမီးပုံးများ အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။

မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ်ပွဲတော်အတွက် ရောင်စုံမီးပုံးများကို မြို့တွင်းဈေးကွက်သာမက နယ်ဈေးကွက်များသို့ပါ တင်ပို့ရောင်းချလျက်ရှိရာ အရောင်းအဝယ်များ သွက်သည့်အပြင် ဈေးနှုန်းများအနေဖြင့်လည်း ယခင်နှစ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။

ယခုနှစ် သီတင်းကျွတ်ပွဲတော်အတွက် ရောင်စုံမီးပုံး အမျိုးအစားပေါင်း ၁၅ မျိုးအထိ ထုတ်လုပ်ဖြန့်ချိထားပြီး ယုန်၊ လိပ်ပြာ၊ မီနီအိုးဝေ၊ မော်တော်ကား၊ သင်္ဘော၊ လေယာဉ်ပုံနှင့် ကာတွန်းရုပ်ပုံစံအမျိုးမျိုး ပါဝင်ကြောင်းသိရပါတယ်။

မီးပုံးများကို အဓိကအားဖြင့် မန္တလေးမြို့တွင်းအပြင် မြစ်သား၊ ကူမဲ၊ တောင်ကြီး၊ ပုဂံ စသည့်နယ်များရှိ ဈေးကွက်များနှင့် မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချပေးနေခြင်း ဖြစ်ကြောင်းသိရပါတယ်။

ဈေးနှုန်းအနေဖြင့် ရောင်စုံမီးပုံး တစ်ရုပ်လျှင် အနည်းဆုံး ငွေကျပ် ၁,၂၀၀ မှစတင်ကာ အရွယ်အစားနှင့် ဒီဇိုင်းအမျိုးအစားပေါ်မူတည်၍ ငွေကျပ် ၃၅,၀၀၀ ကျော်အထိရှိကြောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်အား ဆီမီးများနှင့် ရောင်စုံမီးပုံးများ ထွန်းညှိပူဇော်ရန်နှင့် ကလေးငယ်များအတွက် မီးပုံးရုပ်များကို အဓိကထားရောင်းချလျက်ရှိပြီး ယခုနှစ်တွင် ကုန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့သော်လည်း ရိုးရာမပျက် ဆက်လက်ထုတ်လုပ် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့မှ မီးပုံးထုတ်လုပ်ဖြန့်ချိသူများထံမှ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News