အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုနေသော တရားမဝင်ဘေးတွဲမော်တော်ဆိုင်ကယ်များသည် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စမ်းသပ်ထုတ်လုပ်ထားသော စက်ရုံထုတ်ယာဉ်မဟုတ်ဘဲ ဒေသန္တရအလုပ်ရုံ (Workshop) များတွင် မိမိသဘောဆန္ဒအလျောက် ပြုပြင်ထားခြင်းများဖြစ်သောကြောင့် Road Safety အရ မောင်းနှင်သူအပါအဝင် လိုက်ပါစီးနင်းသူ ခရီးသွားပြည်သူများ၊ လမ်းအသုံးပြုသူများအား အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ တရားမဝင်ဘေးတွဲများ အသုံးပြုခြင်းအား ခွင့်ပြု၍မရပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က စက်တင်ဘာ ၂၈ ရက်ကပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့မှာ ပြောကြားခဲ့ပါတယ်။
ထို့ကြောင့် ဘေးတွဲများကို ခေတ္တမောင်းနှင်ခွင့်(ယာယီ) လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိကြောင်းနှင့် ပုဂ္ဂိုလ်ကတစ်ဝက် နိုင်ငံတော်ကတစ်ဝက် မျှခံစနစ်ဖြင့် သုံးဘီးယာဉ်ငယ်များကို ရောင်းချပေးနိုင်ရန် အစီအစဉ်မရှိကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်။
ဘေးတွဲများ တရားဝင် ခွင့်မပြုထားသလို ခေတ္တမောင်းနှင်ခွင့် (ယာယီ) လိုင်စင် ထုတ်ပေးရန် အစီအစဉ် မရှိဟုဆို
More News




ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ကော်မတီဖွဲ့ထား
November 2, 2026



Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်
November 1, 2026