[latest_news_marquee]

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်လာစေရန် ဆွေးနွေးပွဲပြုလုပ်မယ်

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်လာစေရန် ရည်ရွယ်သည့် ဆွေးနွေးပွဲပြုလုပ်မှာဖြစ်ပြီး တက်ရောက်ဆွေးနွေးကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံသား လုပ်ငန်းရှင်များကို ရေရှည်တွင် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများ၊ အဖွဲ့အစည်းကြီးများ အဆင့်သို့  တက်လှမ်းလာနိုင်စေရန် ရည်ရွယ်လျက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ နိုင်ငံတော် အစိုးရအနေဖြင့် အားပေးကူညီမည့် အစီအစဉ်များကို Power Point Presentation များ၊ ရုပ်ပြကားချပ်များ၊ 3D Model များဖြင့် တာဝန်ရှိသူများက ရှင်းလင်း၍ ချပြဆွေးနွေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ယင်းအတွက်ကြောင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင် နေပြည်တော်၌ ကျင်းပမည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ပါရန် ဖိတ်ခေါ်ထားပြီး  အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်လိုသူများအနေဖြင့် ယခု အောက်တိုဘာ ၃၀ ရက် ရက်နေ့ မနက် (၁၀) နာရီနောက်ဆုံးထား၍ ဆက်သွယ်နိုင်ကြောင်း ဝန်ကြီးဌာနမှ သိရပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားစနစ် တည်ငြိမ်ရေး၊ ဓာတ်အားတိုးတက်ရရှိရေး၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စွမ်းအင်လေလွင့်ဆုံးရှုံးမှုလျော့ပါးရေးအပါအဝင် နိုင်ငံ၏ စွမ်းအင်လုံလောက်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံ တည်ရှိနေသည့်အတွက် ယင်းတို့ကို အချိုးညီစွာပေါင်းစပ်၍ အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ပါက မျှော်မှန်းထားသည့်အချိန်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူတို့အတွက် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာစီမံကိန်းများ၊ လုပ်ငန်းများသည် ငွေကြေးအရင်းအနှီး ကြီးမားပြီး၊ အတတ်ပညာနှင့် လူစွမ်းအား အရင်းအမြစ်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအသီးသီးအား ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ လည်း သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News