[latest_news_marquee]

Grade-5 နှင့် Grade-9 မေးခွန်းများ ဒေသတစ်ခုနှင့် တစ်ခု မေးခွန်းအရည်အသွေးနှင့် စံနှုန်းကွာဟမှု မဖြစ်စေရေး ပညာရေး ဒုဝန်ကြီး တိုက်တွန်း

Grade-5 နှင့် Grade-9 မေးခွန်းများ ကို ခရိုင်အလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြုစုပြီး စာမေးပွဲစစ်ဆေးကြရာတွင် ဒေသတစ်ခုနှင့် တစ်ခု မေးခွန်းအရည်အသွေးနှင့် စံနှုန်းကွာဟမှု မဖြစ်စေရေးကို အလေးထားဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub တွင် အောက်တိုဘာ ၃ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ မူလတန်းတန်းနှင့် အလယ်တန်းအဆင့်ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲနှင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်း လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခြင်း သင်တန်းဆင်းပွဲအခမ်းအနား၌ ၎င်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် နားလည်မှုနှင့် စံနှုန်းများကို ဆက်လက်မျှဝေ ပေးကြရန်နှင့် ရရှိလာသည့် စံနမူနာကောင်းများကို အတန်းများတွင် ပြန်လည် အသုံးပြု၍ အခြေခံပညာကဏ္ဍ စစ်ဆေးအကဲဖြတ်သည့်စနစ် ပိုမို ကောင်းမွန်အောင် ကြိုးစားအားထုတ်ဆောင်ရွက်ကြဖို့ကိုလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။  

လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Grade-5 နှင့် Grade-9 အစိုးရစစ်စာမေးပွဲများကို ခရိုင် သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မေးခွန်းထုတ်စစ်ဆေးရာတွင် ဒေသတစ်ခုနှင့်တစ်ခုအကြား စံသတ်မှတ်ချက်နှင့် မေးခွန်းအရည်အသွေး ကွာဟချက်များ ရှိနေနိုင်ကြောင်း၊ မေးခွန်းတစ်ခုတည်း စစ်ဆေးခြင်းမဟုတ်ဘဲ ဒေသအလိုက် သီးခြားပြုစုခြင်း ဖြစ်သောကြောင့် မေးခွန်းထုတ်သည့် ဆရာ/ဆရာမများ၏ အတွေ့အကြုံနှင့် အရည်အသွေးပေါ်မူတည်၍  ကွာဟမှု ရှိနိုင်ကြောင်းနှင့် စံနှုန်းကွာဟမှု အလွန်အမင်း မဖြစ်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်အဆင့် ပညာရေးရုံးများသို့ စာမေးပွဲ နမူနာမေးခွန်းပုံစံနှင့် အမှတ်ပေးစည်းမျဉ်းစာအုပ်များကို ကြိုတင်ဖြန့်ဝေပေးထားပြီး ၎င်းပုံစံအတိုင်းသာ မေးခွန်းထုတ်ရန် သတ်မှတ်ပေးထားကြောင်းလည်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News