[latest_news_marquee]

သီတင်းကျွတ်ကာလအတွက် ပုဂံဒေသရှိ ဟိုတယ်၊ မိုတယ်များ ရာခိုင်နှုန်းပြည့် အခန်းပြည့်နေ

လာမည့် သီတင်းကျွတ် ရုံး၊ ကျောင်းပိတ်ရက်ရှည်ကာလများတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်ရန် ကြိုတင်ချိတ်ဆက်ထားမှုများကြောင့် ပုဂံဒေသရှိ ဟိုတယ်၊ မိုတယ်များ အားလုံးနီးပါး ရာနှုန်းပြည့် အခန်းများပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ 

နှစ်စဉ်သီတင်းကျွတ်ကာလတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ခရီးသွားဝင်ရောက်မှုများပြားလေ့ရှိပြီး ယခုနှစ်တွင်လည်း အောက်တိုဘာ ပထမပတ်ကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ချိတ်ဆက်ထားပြီး ဒေသတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ ၈၈ ခုစလုံး တွင် အခန်းများပြည့်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဦးစီးဌာန၏ စာရင်းများအရ နှစ်စဉ် သီတင်းကျွတ်ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသသို့ ခရီးသွားလာရောက်သူ ဦးရေမှာ တစ်ရက်လျှင် တစ်သိန်းမှ တစ်သိန်းခွဲအထိရှိကာ နေ့ချင်းပြန် ခရီးသွားများ ပိုမိုများပြားကြောင်းလည်း သိရပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ သမိုင်းဝင် အထင်ကရဘုရားများကို ဖူးမြော်ခြင်း၊ နံရံဆေးရေးပန်းချီများကို လေ့လာခြင်း၊ အလှဓာတ်ပုံရိုက်ခြင်းနှင့် လက်ပန်းချီရေးဆွဲခြင်း စသည်တို့ကို ပြုလုပ်ကြကြောင်းလည်း သိရပါတယ်။

Photo –MOI

Your Ad Here
Ad Size: 336x280 px

More News