[latest_news_marquee]

ဧရာဝတီမြစ်ကူးတံတား (သရက်-အောင်လံ) စီမံကိန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းပြည့်ပြီးစီးရန် လျာထား

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နှင့် အောင်လံခရိုင် အောင်လံမြို့အကြားတွင် တည်ဆောက်နေသော ဧရာဝတီမြစ်ကူးတံတား (သရက်-အောင်လံ) စီမံကိန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းပြည့်ပြီးစီးရန်လျာထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
 
အဆိုပါ တည်ဆောက်ခြင်းကို ၂၀၁၈-၂၀၁၉ (၆လ) ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ တံတားတစ်စင်းလုံး ပြီးစီးမှုရာခိုင်နှုန်းမှာ ၅၅ ရာခိုင်နှုန်း ရှိပြီဖြစ်တယ်လို့ သိရပါတယ်။


 
ဆက်လက်၍ ပင်မတံတားအပေါ်ထည်လုပ်ငန်းဖြစ်သည့် ၁၄၄ မီတာ သံပေါင် ၁၂ ခန်း တပ်ဆင်ခြင်းနှင့် ကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်းနှင့် စုစုပေါင်း သံပေါင် ၁၂ ခန်းအနက် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ၁၄၄ မီတာ ၅ ခန်းနှင့် ပင်မတံတား ကြိုတင်သွန်းလောင်းကွန်ကရစ် ကြမ်းခင်းထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
 
ဧရာဝတီမြစ်ကူးတံတား(သရက်-အောင်လံ) စီမံကိန်းအား လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ၁၄၄ မီတာ ၇ ခန်းနှင့် ပင်မတံတား ကြမ်းခင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် တံတားအချောသပ်လုပ်ငန်းများနှင့် တံတားပေါ် AC ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်ရန်လျာထားတာဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ တံတား ချဉ်းကပ်လမ်းလုပ်ငန်းများအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးနိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေများတွင် လျာထား ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
 

Photos – MWD

Your Ad Here
Ad Size: 336x280 px

More News