[latest_news_marquee]

ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူ/ကယ်/ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ်

ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများအား နိုင်ငံတော်သမ္မတအမိန့်ဖြင့် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ထုတ်ပြန်ထားပါတယ်။

ဖွဲ့စည်းအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီး ကာကွယ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးထွန်းအောင်အား ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။

ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ကိုကိုလွင်ကို ခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုနေ့က ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင်လည်း နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြထားသော ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်တာဝန်ပေးမည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာကိုကိုလွင်တို့ကို ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်သွင်းထားမှုအပေါ် ကန့်ကွက်သူမရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

Photos- MDN

Your Ad Here
Ad Size: 336x280 px

More News