[latest_news_marquee]

ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်ငြိမ်၍ အရောင်းအဝယ်အေးနေ၊ သီတင်းကျွတ်ကာလ၌ ပြန်လည်ကောင်းမွန်ရန် မျှော်မှန်းထား

လက်ရှိတွင် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်ငြိမ်၍  အရောင်းအဝယ်အေးနေသော်လည်း အငှားဈေးကွက်ကတော့ ပုံမှန်အတိုင်းရှိကြောင်းနှင့် လာမည့် သီတင်းကျွတ်ကာလမှာ အရောင်းအဝယ်ဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်ရန် မျှော်မှန်းထားကြောင်းလည်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

လက်ရှိမှာ ဝါတွင်းကာလဖြစ်သောကြောင့် အိမ်အပြောင်းအရွှေ့နည်းပါးသည့် ကာလဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ဖြစ်၍ အခြေခံအဆောက်အအုံများလည်း ပြည့်စုံမှုရှိသဖြင့် ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ဈေးချပြီး ရောင်းချသည့် အခြေအနေမျိုးလည်း မတွေ့ရှိရကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။  

ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ပိုင်း ငြိမ်နေသော်လည်း ရွှေ့ပြောင်းနေထိုင်မှုများပြားလာခြင်းကြောင့် မြို့တွင်းရှိ လူနေတိုက်ခန်းနှင့် ကွန်ဒိုအငှားဈေးကွက်မှာမူ ပုံမှန်ထက်ပိုမိုသွက်လက်ပြီး အငှားဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News