[latest_news_marquee]

ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ပြုပြင်မှာဖြစ်လို မဂ္ဂါဝပ် ၂၀၀ ကျော် ဓာတ်အားထုတ်လုပ်မှု လျော့နည်းမယ်

ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်း နေရာအချိုတွင် အရေးပေါ် ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ (Gas Partial Shutdown) ဆောင်ရွက်မှာဖြစ်တာကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် (၂၁၁) မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ ယနေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ အရေးပေါ်ပြုပြင်ရေး လုပ်ငန်းများကို ယနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသို ပြုပြင်နေစဉ်ကာလအတွင်း သဘာဝဓာတ်ငွေ့ ပိုလွှတ်နိုင်မှုမှာ ကုဗပေ (၉၂) သန်းမှ ကုဗပေ (၄၀) သန်းသို လျော့ကျသွားမယ်လို YESC မှ ဆိုထားပါတယ်။

ဓာတ်ငွေ့ရရှိမှု လျော့နည်းသွားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတနှင့် လှော်ကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်ငွေ့စက်အချိုကို ရပ်တန့်ထားရမည်ဖြစ်ရာ စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု (၂၁၁) မဂ္ဂါဝပ်အထိ လျော့နည်းသွားမှာဖြစ်တယ်လို ထုတ်ပြန်ထားပါတယ်။

ဓာတ်အားထုတ်လုပ်မှု လျော့နည်းသွားသည့် ပမာဏကို ကာမိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားတိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည် ဖြစ်သော်လည်း ရန်ကုန်အဝင် ဓာတ်အားလိုင်းများ၏ ကန့်သတ်ချက်အချိုကြောင့် ဓာတ်အားရရှိမှု အနည်းငယ် လျော့နည်းနေမှာဖြစ်ပြီး အဆိုပါ ရက်များအတွင်း လျှပ်စစ်ဓာတ်အားကို ဝန်အားထိန်းညှိ၍ ခွဲဝေဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လိုလည်း YESCမှ အသိပေးထားပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News