[latest_news_marquee]

၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်ထုတ်ဝေမယ်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် ဟုဆို

လူမှုကွန်ရက်တွင် ပျံ့နှံနေသော ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ယနေ့အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

၎င်းက လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပြီး ထိုသတင်းမှာ သတင်းအမှားသာဖြစ်ကာ ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့် စိစစ် အတည်ပြုကြရန် အသိပေးထားပါတယ်။

ထို့အတူ ပြည်သူများ အနေဖြင့် သတင်းမှားများကြောင့် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းထားပါတယ်။

Photo- Dr Khaing Khaing Soe

Your Ad Here
Ad Size: 336x280 px

More News