[latest_news_marquee]

ရန်ကုန်မှာ မြေအောက်ရေ အသုံးပြုမှု ရပ်ဆိုင်းစေရန် ရည်မှန်းဆောင်ရွက်နေ

ရန်ကုန်မြို့၏ မြေအောက်ရေ သုံးစွဲမှု ရပ်ဆိုင်းသွားစေရန်အတွက် အနာဂတ်ရေပေးဝေရေး စီမံကိန်းများဖြစ်သည့် ကုက္ကိုဝရေပေးဝေရေး စီမံကိန်းနှင့် တိုးမြစ်ရေပေးဝေရေး စီမံကိန်းတို့ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ ၈ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့မှာ ဗဟန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော် မေးမြန်းတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြေအောက်ရေ သုံးစွဲမှုနဲ့ ပတ်သက်တဲ့ ကြယ်ပွင့်ပြ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဦးမျိုးမြင့်အောင်က အခုလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့အတွက် လှော်ကား ရေလှောင်ကန်၊ ဂျိုးဖြူ ရေလှောင်ကန်၊ ဖူးကြီး ရေလှောင်ကန်၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)၊ လဂွန်းပြင် ရေသန့်စင်စက်ရုံ၊ သဲဖြူနှင့် ရန်ကုန်ပေါက် မြေအောက်ရေပေးဝေရေး စခန်း ၂ ခုတို့မှ နေ့စဉ် ရေဂါလန် ၂၄၄ သန်း ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

ထို့အပြင် မြေအောက်ရေအားဖြည့် အဝီစိတွင်းများ၊ မြေသားမိုးရေ စုကန်များ အသုံးပြုပြီး ဖြန့်ဝေပေးနေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင် ပြောကြားခဲ့ပါတယ်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ Master Plan ထဲမှာ ရန်ကုန်မြို့ရဲ့ မြေအောက်ရေ အလွန်အကျွံထုတ်ယူ သုံးစွဲမှုကြောင့် မြေအောက်ရေ ခန်းခြောက်ခြင်း၊ ရေငန်ဝင်ရောက်ခြင်း၊ မြေနိမ့်ဆင်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်စေနိုင်တဲ့အတွက် မြေအောက်ရေသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ရေး ဥပဒေ/နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အစီအမံများချမှတ် ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News