[latest_news_marquee]

မန္တလေး ဈေးကွက်အတွင်း မိုးကြက်သွန်နီ အသစ်များ ဝင်ရောက်သော်လည်း ကြက်သွန်နီဈေးနှုန်း ကျရိပ်မပြ

မိုးကြက်သွန်နီ အသစ်များ မန္တလေးဈေးကွက်အတွင်း စတင် ဝင်ရောက်သော်လည်း ကြက်သွန်နီ ဈေးနှုန်းများဟာ ကျရိပ်မပြဘဲ အမြင့်ဈေးနှုန်းနဲ့သာ ဆက်လက်တည်ရှိနေတယ်လို့ ပွဲရုံကုန်သည်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

လက်ရှိမှာ မန္တလေးဈေးကွက်အတွင်း မြင်းခြံဒေသထွက် မိုးကြက်သွန်နီအသစ်များ အနည်းငယ်စတင်ဝင်ရောက်လာမှုတွေရှိပြီး ပွဲရုံဈေး တစ်ပိဿာကို ငွေကျပ် ၇၀၀၀ မှ ၇၅၀၀ အထိရှိကာ နွေကြက်သွန်နီအဟောင်းမှာ တစ်ပိဿာကို ငွေကျပ် ၈၅၀၀ မှ ၉၈၀၀ အထိ ဈေးရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်အတွင်းမှာလည်း ဆိပ်ဖြူကြက်သွန်နီနှင့် မုံရွာ ကြက်သွန်နီ လက်လီဈေးကွက်အတွင်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ မှ ၁၂၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ထို့အပြင် မိုးကြက်သွန်နီအသစ်များ အများအပြားထွက်ရှိလာမည့် နိုဝင်ဘာလ ဝန်းကျင်တွင် ဈေးကွက်အတွင်း ရောင်းလိုအား တိုးလာနိုင်သဖြင့် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်နိုင်တယ်လို့ ပွဲရုံကုန်သည်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News