[latest_news_marquee]

တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယားသမ္မတနိုင်ငံနှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ စမ်းသပ်ကာလ ၁ နှစ် ထပ်မံ တိုးမြှင့်

မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ခရီးသွားများအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ (Tourist Visa on Arrival) စမ်းသပ်ကာလကို တစ်နှစ်စီ ထပ်မံသက်တမ်းတိုးမြှင့်ထားကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။

တရုတ်နှင့် အိန္ဒိယနိုင်ငံသားများအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာကို တတိယအကြိမ်အဖြစ် ၂၀၂၆ ခုနှစ်၊ သြဂုတ် ၃၀ ရက်မှ ၂၀၂၇ ခုနှစ်၊ သြဂုတ် ၂၉ ရက်အထိ သက်တမ်းတိုးမြှင့်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ဂျပန်နိုင်ငံ ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ခရီးသွားများအတွက်လည်း ဒုတိယအကြိမ်အဖြစ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၇ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်ပေးထားကြောင်းလည်း သိရပါတယ်။

ဆိုက်ရောက်ဗီဇာစည်းမျဉ်းများနဲ့ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်မယ်ဆိုရင် US$ ၅၀ ပေးဆောင်ရမှာဖြစ်ပြီး ရက်ပေါင်း(၃၀)နေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဗီဇာသက်တမ်းတိုးခွင့်တော့မရရှိပါဘူး။ ဒါ့အပြင်ဟိုတယ်တွေမှာသာ တည်းခိုနေထိုင်ခွင့်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လည်း မရှိပါဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုထားတဲ့ ဗီဇာ(၁၄)မျိုးရှိပြီး သံတမန်/သံအဖွဲ့ဝင် ဗီဇာ၊ ကမ္ဘာလှည့်ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ စာနယ်ဇင်း/ မီဒီယာဗီဇာ၊ အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသနဗီဇာ၊ အလုပ်သမားဗီဇာ၊ လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေးဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ၊ ပညာရေးဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာ၊ သံတမန်ရဲ့ဧည့်သည်များဗီဇာ၊ သံတမန် မဟုတ်တဲ့ သံရုံးဝန်ထမ်းများနှင့် ၎င်းတို့ရဲ့မိသားစုဝင်များအတွက် ပြည်ဝင်ဗီဇာတို့ဖြစ်တယ်လို့ သိရပါတယ်။ 

Your Ad Here
Ad Size: 336x280 px

More News