[latest_news_marquee]

မမြ ရေလှောင်တမံမှ လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှစ၍ နွေစပါး ဧက ၅၀၀၀ ကျော်အား စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံဆောင်ရွက်နေ

လာမည့် ဒီဇင်ဘာလမှစ၍ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ နွေစပါးဧက ၅၀၀၀ ကျော်အား စိုက်ပျိုးရေ ပေးဝေသွားမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာလည်း ထိုသို့စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများနှင့် တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများစစ်ဆေးဆောင်ရွက်လျက်ရှိပြီး တမံသိုလှောင်ရေ ထိန်းညှိလျှော့ချခြင်းကို ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၇ ရက်နေ့တွင် တမံနိမ့်မြင့်အမှတ်မှာ ၂၉၇ ဒသမ ၆ ပေ (သိုလှောင်ရေပမာဏ – ၅၁၁၃၉ ဧကပေ) ဖြစ်ပြီး လာမည့်ဒီဇင်ဘာလ ၁၅ ရက်မှစတင်၍ နွေစပါး ၅၃၇၄ ဧကအား စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ဒီအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးမှလည်း ပြီးခဲ့သည့်အောက်တိုဘာ ၂၅ ရက်နေ့က မမြရေလှောင်တမံသို့သွားရောက်၍ တမံအိလျှောသည့် နေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့်ရေလှိုင်းရိုက်ခတ်ခြင်းများ မခံရစေရန်၊ မိုးရေကာဖျင်များဖြင့် စနစ်တကျအုပ်မိုးကာကွယ်ထားရှိမှု၊ ရေလှောင်တမံ ပိုမိုစိတ်ချစေရေးအတွက် တမံအခြေဘက်တွင်မြေသားတမံဖို့၍ တမံအခြေထောက်ခြင်း၊ မြေသားတမံနှင့်ဆက်စပ်၍ ရေစစ်ကျောက်ရိုး(Rock Toe)ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊  ရေစစ်ကျောက်ရိုး(Rock Toe)နှင့် ချိတ်ဆက်သည့် ရေစစ်သဲလွှာလုပ်ငန်း ဆောင်ရွက်ခြင်း၊ တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများအား စစ်ဆေးနေမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး Quality Control (QC) စစ်ဆေးဆောင်ရွက်မှု၊ တမံတည်ဆောက်ရာတွင် အောက်ခံမြေသား၊ သိပ်သည်းဆနှင့် ခံနိုင်ရည်ဝန်အား တိုင်းတာရေးအတွက် Standard Penetration Test (SPT) စမ်းသပ်ဆောင်ရွက်နေမှု၊ တမံပြန်လည်တည်ဆောက်ရာတွင် အသုံးပြုရမည့် ဖို့မြေများအတွက် မြေရယူသင့်သည့်နေရာ (Borrow) ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ဂရုပြုလိုက်နာဆောင်ရွက်သွားကြရန်နှင့် အခြားနည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News