[latest_news_marquee]

ဧရာဝတီလိုင်စင်ရ သုံးဘီးအိုးဝေများ သတ်မှတ် မြို့နယ်၊ ခရိုင်ကျော်၍ သွားလာခွင့်မပြုဟုဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီလိုင်စင်ရ သုံးဘီးအိုးဝေများသည် အင်ဂျင်ပါဝါ (၂၀၀ CC) နှင့် (၂၅၀ CC) သာရှိသောကြောင့် သတ်မှတ် မြို့နယ်၊ ခရိုင်ကျော်လွန်၍ သွားလာခွင့်မပြုထားကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်မှ ပြောကြားခဲ့ပါတယ်။

မအူပင် မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးကျော်ဝင်းစိန်၏ ဧရာဝတီတိုင်း ဒေသကြီးအတွင်း AYY လိုင်စင်ရရှိ ထားသော သုံးဘီးအိုးဝေယာဉ်များကို တိုင်းအတွင်းရှိ မြို့တိုင်းသို့ သွားလာနိုင်ရေး ခွင့်ပြုပေးရန်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းကို ၎င်းက ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဝန်ကြီးက သုံးဘီးဆိုင်ကယ်အိုးဝေယာဉ်များအနေဖြင့် အင်ဂျင်ပါဝါ (၂၀၀ CC မှ ၂၅၀ CC) အထိသာရှိသောကြောင့် ခရီးသွား ပြည်သူများ၏ အသက်အန္တရာယ်လုံခြုံမှုရှိစေရေးအတွက် မိမိနှင့်သက်ဆိုင်သော ခရိုင်အတွင်းသာ သွားလာခွင့်ပြုထားပြီး တိုင်းအတွင်းရှိ အခြားမြို့နယ်များသို့ သွားလာခွင့်ပြုနိုင်မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

Photo – CJ

Your Ad Here
Ad Size: 336x280 px

More News