[latest_news_marquee]

CNG တရားမဝင်ရောင်းချတဲ့ ခရီးသည်တင်ယာဉ် ၂ စီးကို ရာသက်ပန် ဓာတ်ငွေဖြည့်သွင်းခွင့် ပိတ်သိမ်း


မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အား တရားမဝင်ရောင်းချခြင်းကြောင့် YBS (၆၅) ယာဉ်တစ်စီးနှင့် အခြားခရီးသည်တင်ယာဉ်တစ်စီးတို့ကို ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ 

အဆိုပါ YBS(၆၅) ယာဉ်လိုင်းတံဆိပ် တပ်ဆင်ထားသော ယာဉ်အမှတ် (2I-2957) မော်တော်ယာဉ်သည် YBS ယာဉ်လိုင်းတွင် အမှန်တကယ် ပြေးဆွဲခြင်းမရှိဘဲ တောင်ဒဂုံမြိုနယ်၊ ရွာသာကြီး၊ အကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိပြီး မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အား ယာဉ်အမှတ်(6F-3682)သို့ တရားမဝင် ရောင်းချခြင်းများ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

ထိုသို့ ရောင်းချနေခြင်းကို တာဝန်သိပြည်သူတစ်ဦးမှ တိုင်ကြားလာသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သွားရောက်စစ်ဆေးခဲ့ရာတွင် အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်‌ ယာဉ်အမှတ်(2I-2957)နှင့် (6F-3682) ခရီးသည်တင်ယာဉ်(၂)စီးအား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့  သိရပါတယ်။

CNG ကို နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် စီမံဆောင်ရွက်ပေးထားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ အကျိုးခံစားခွင့်ရရှိစေရေး YBS ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)  ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ ပြေးဆွဲရန်နှင့် ယာဉ်စီးခကိုလည်း သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News