[latest_news_marquee]

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်ကို ဇူလိုင် ၂၁ ရက်မှစ၍ မိုးညှင်းမြို့အထိ တိုးချဲ့ပြေးဆွဲမည်

ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေးအတွက် မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်ကို လာမည့် ဇူလိုင် ၂၁ ရက်မှစ၍  မိုးညှင်းမြို့အထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

 
ထိုသို့ မိုးညှင်းအထိ တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်အတွက် လက်ရှိမှာ ရထားလမ်းပိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

 
မြန်မာ့မီးရထားအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်းခရီးစဉ် (၃၆ ဒသမ ၇၅) မိုင်အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍ ယနေ့အထိ ပြေးဆွဲခဲ့ရာမှ ယခုအခါ မိုးညှင်းမြို့အထိ ခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မိုးကောင်း-မိုးညှင်း (၅၂ ဒသမ ၂၅)မိုင်အား ရထားလမ်းပိုင်းပြုပြင်ခြင်း၊ တံတားပြုပြင်ခြင်းများနှင့် သံလမ်းအဆင့်မြှင့်တင်ခြင်းများကို ပြည်သူ့အကျိုးပြု ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


ထို့ကြောင့် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းခရီးစဉ်အား အမှတ် (၄၉)အဆန်၊ အမှတ်(၅၀)အစုန် ရထားဖြင့် ဒေသတွင်းခရီးသွားလာမှုနှင့် ကုန်စည်များ လွယ်ကူမြန်ဆန်စွာသယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ဖွင့်ပွဲကျင်းပ၍ စတင်ပြေးဆွဲမှာ ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ အမှတ်(၄၉)အဆန်ရထားသည် မိုးညှင်းမြို့ မှ နံနက် ၆ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၅၀)အစုန်ရထားသည် မြစ်ကြီးနားမြို့မှ နံနက် ၆ နာရီတွင်လည်းကောင်း စတင်ထွက်ခွာမည် ဖြစ်ကြောင်း၊ မြင်းကောင်ရေ ၁၃၀၀ အား စက်ခေါင်း၊ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းများဖြင့် ပြေးဆွဲပေးမည်ဖြစ်ကာ လူစီးတွဲများကိုလည်း Auto Coupler တွဲဆိုင်းများဖြင့် ရိုးရိုးတန်း (၄)တွဲ၊ အထက်တန်း လူစီးတွဲ (၁)တွဲ၊ ကုန်တင်ဘရိတ်တွဲ(၁)တွဲဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် ဘူတာ (၁၈) ဘူတာ ရပ်နားပေးသွားမည်ဖြစ်ကာ စုစုပေါင်းပြေးဆွဲချိန် ၆ နာရီကျော်ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

 
Photo – MOI

Your Ad Here
Ad Size: 336x280 px

More News