ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest – EOI) တင်သွင်းရန် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီက ဖိတ်ခေါ်ထားပါတယ်။
အဆိုပါဖိတ်ခေါ်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေး-လားရှိုးလမ်းမကြီး၊ ၂၁ မိုင်အနီးပတ်ဝန်းကျင်ရှိ မြေဧရိယာ ၂,၂၀၀ ဧကအတွင်းရှိ ၁,၄၀၀ ဧကအား Soft-based Industry အခြေခံသည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်၍ စိတ်ပါဝင်စားသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

အဆိုပြုလွှာပုံစံများကို ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ ဩဂုတ်လ ၁၀ ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဝယ်ယူပြီးအဆိုပြုလွှာများကိုလည်း ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြန်လည်တင်သွင်းရမည်ကြောင်း သိရပါတယ်။
အဆိုပြုလွှာပုံစံများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်တွင် ရောင်းချပေးသွား မည်ဖြစ်သလို ၎င်းရုံးနေရာသို့ပင် ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီမှ သိရပါတယ်။
Photos – MOI






