[latest_news_marquee]

လာမည့် ဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လူစားလဲသည့် စည်းမျဉ်းအပါအဝင် စည်းမျဉ်းအသစ်များ အသုံးပြုမည်

အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးအဖွဲချုပ်က လာမည့်ဘောလုံးရာသီမှစတင်ပြီးပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လူစားလဲသည့်စည်းမျဉ်းအပါအဝင် စည်းမျဉ်းအသစ်များကို စတင်အသုံးပြုမယ်လို အတည်ပြုကြေညာထားပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အစောပိုင်းကပွဲချိန်အတွင်း လူစားလဲရာတွင် အချိန်ကန့်သတ်ချက်မရှိလုပ်ဆောင်နိုင်ခဲ့ သော်လည်း လာမည့်ဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၌ စည်းမျဉ်းသစ်အရလူစားလဲခံရသည့် ကစားသမားများဟာ ကွင်းအတွင်းမှ ၁၀ စက္ကန့်အတွင်းကွင်းပြင်သို ထွက်ခွာရမည်ဖြစ်ပြီး သတ်မှတ် ချိန်ထက်ကျော်လွန်မည်ဆိုပါက ပြစ်ဒဏ်အဖြစ် လူစားဝင်မည့်ကစားသမားအနေဖြင့် ကွင်းပြင်ပ၌ တစ်မိနစ်ကြာစောင့်ဆိုင်းရမယ်လို သိရပါတယ်။

ထိုအပြင် ပွဲချိန်လေလွင့်မှုများမရှိစေရန် ကွင်းအတွင်းဒဏ်ရာရရှိသည့် ကစားသမားအနေဖြင့် ယခင်ကဆေးကုသမှုခံယူပြီးလျှင် အစောပိုင်းကကွင်းပြင်ပသို ထွက်ခွာ၍ ကွင်းအတွင်းသို ချက်ချင်းဝင်ရောက် ကစားနိုင်သော်လည်း စည်းမျဉ်းသစ်အရ ချက်ချင်းကွင်းအတွင်းသို ဝင်ရောက်ကစားနိုင်မည်မဟုတ်ဘ ကွင်းပြင်ပ၌ တစ်မိနစ်ကြာစောင့်ဆိုင်းပြီးမှသာ ကွင်းအတွင်းဝင်ရောက်ကာ ဆက်လက်ကစားခွင့် ရရှိမယ်လိုလည်း သိရပါတယ်။

ထိုအတူလက်ပစ်ဘောစည်းမျဉ်းတွင်လည်း အစောပိုင်းကလက်ပစ်ဘောရရှိပါက လက်ပစ်ဘောမြှောက်မည့် ကစားသမားအနေဖြင့် ဘောလုံးကို အချိန်ကြာမြင့်စွာကိုင်ဆောင်ထားနိုင်သော်လည်း စည်းမျဉ်းသစ်အရဘောလုံးကို လက်အတွင်းငါးစက္ကန့်သာ ကိုင်ဆောင်ခွင့်ရှိမှာဖြစ်ပြီး ငါးစက္ကန့်ထက်ကျော်လွန် ပါက ပြိုင်ဘက်အသင်းကို လက်ပစ်ဘောမြှောက်ခွင့်ပေးရမယ်လို သိရပါတယ်။

ယင်းအပြင် ဂိုးလွန်ဘောစည်းမျဉ်းတွင်လည်းယခင်ကဂိုးသမားများအနေဖြင့် ဘောလုံးကို အချိန်အကန့်အသတ်မရှိလက်ဖြင့် ကိုင်ထားနိုင်သော်လည်း စည်းမျဉ်းသစ်အရဂိုးသမားများအနေဖြင့် ၅ စက္ကန့် သာ လက်အတွင်းထားရှိရမှာဖြစ်ကာ ကန့်သတ်ချိန်ထက်ကျော်လွန်ပါက ပြိုင်ဘက် အသင်းကိုထောင့်ကန်ဘောအဖြစ် သတ်မှတ်ပေးမယ်လိုလည်း သိရပါတယ်။

Photos- Internet

Your Ad Here
Ad Size: 336x280 px

More News