[latest_news_marquee]

တရုတ်နိုင်ငံ ဟောင်ကောင်တက္ကသိုလ်၌ အာရှသိပ္ပံ စခန်းချနေထိုင်ခြင်းအစီအစဉ်သို့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅ ဦး တက်ရောက်ခွင့်ရရှိ

တရုတ်နိုင်ငံ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ၅ ဦးတို့ တက်ရောက်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစီအစဉ်ကို ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်စသော အာရှတိုက်တွင်း နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။


ထိုအစီအစဉ်မှာ အာရှတိုက်မှ နိုဘယ်ဆုရ သိပ္ပံပညာရှင်များလာရောက်၍ ကျောင်းသား ကျောင်းသူလူငယ်များနှင့်အတူ စခန်းချနေထိုင်ကြပြီး သိပ္ပံပညာရပ်ဆိုင်ရာဟောပြောပွဲများ၊ လေ့လာရေးခရီးများ၊ သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲများ ပါဝင်ကာ နှစ်စဉ်အာရှတိုက်မှ လူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲနေကြောင်း သိရပါတယ်။

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း, ဟောင်ကောင်တက္ကသိုလ်, ပညာရေး, 

Your Ad Here
Ad Size: 336x280 px

More News