[latest_news_marquee]

၂၀၂၆ ဖီဖာ- အာဆီယံဖလားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း Division-2 ၌ အုပ်စု(A)တွင် ကျရောက်

ကမ္ဘာ့ဘောလုံးအဖွဲချုပ် အသိအမှတ်ပြုပြိုင်ပွဲဖြစ်ပြီး ပထမဦးဆုံးအကြိမ်ကျင်းပမည့် ၂၀၂၆ ဖီဖာ-အာဆီယံ ဖလားပြိုင်ပွဲအုပ်စုမဲခွဲမှုအပြီးတွင် မြန်မာအသင်းဟာ Division-2 ၌ အုပ်စု(A)တွင် ကျရောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို အာရှနှင့် အာဆီယံဒေသတွင်းနိုင်ငံများမှ ဘောလုံးအသင်းများပိုမိုဖွံဖြိုးတိုးတက်မှု ရှိစေရန်အတွက် ပြိုင်ပွဲအသစ်အဖြစ် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၆ ဖီဖာ- အာဆီယံဖလားပြိုင်ပွဲကို Division-1 နှင့် Division-2 ဟူ၍ နှစ်ပိုင်းခွဲခြားကျင်းပမည်ဖြစ်ပြီး အာရှနှင့် အာဆီယံဒေသတွင်းမှ ရမှတ်အများဆုံးရရှိပြီး ခြေစွမ်းပြသည့်အသင်း ၈ သင်းက Division-1 အဆင့်တွင်ကစားရမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်နိမ့်သည့်အသင်း ၆ သင်းက Division-2 အဆင့်တွင် ကစားရမည့် ပြိုင်ပွဲကို မြန်မာအသင်းအနေဖြင့် Division-2 တွင် ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၆ ဖီဖာ- အာဆီယံဖလားပြိုင်ပွဲမဲခွဲမှုအရ Division-1 အုပ်စု(A)တွင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူအသင်း၊ အုပ်စု(B)တွင် ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်အသင်းတို ပါဝင်တယ်လို့ သိရပါတယ်။

Division-2 အဆင့်ရှိအုပ်စု(A)တွင် ဟောင်ကောင်၊ မြန်မာနှင့် ဘရူနိုင်းအသင်း၊ အုပ်စု(B)တွင် ကမ္ဘောဒီးယား၊ လာအိုနှင့် တီမောလက်စ်တေအသင်းတို ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲသတ်မှတ်ချက်များအရယခုနှစ် ၂၀၂၆ ဖီဖာ-အာဆီယံဖလားပြိုင်ပွဲ Division-2 တွင် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်သည့်အသင်းသည် လာမည့် ၂၀၂၇ ခုနှစ်ပြိုင်ပွဲတွင် Division-1 သို တန်းတက်ကစားခွင့် ရရှိမှာဖြစ်ပြီးယခုနှစ်ပြိုင်ပွဲ Division-2 ပွဲစဉ်များကိုဟောင်ကောင်ဒေသနှင့် Division-1 ပွဲစဉ်များကိုအင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့လည်း သိရပါတယ်။

Photo- MFF

Your Ad Here
Ad Size: 336x280 px

More News