[latest_news_marquee]

စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းအရေအတွက်အပေါ် အခြေခံစိစစ်တွက်ချက်ပြီး ဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိ

စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို အမှန်တကယ်လိုအပ်သည့် လုပ်ငန်းအရေအတွက်ပေါ် အခြေခံစိစစ် တွက်ချက်ပြီး ဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ စားအုန်းဆီဖြန့်ဖြူးပေးနေမှုနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးချက်ကို ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ စားအုန်းဆီများ စားသုံးသူပြည်သူများထံ အပြည့်အဝရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများတွင် ဖွဲ့စည်းထားသည့် စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ပေးနေပြီး စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း စသည့် လုပ်ငန်းများထံ အပြည့်အဝရောက်ရှိစေရေးအတွက်ကိုလည်း စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့် စားအုန်းဆီထုတ်ယူရရှိရေး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့မှ ဆောင်ရွက်ပေးနေကြောင်းလည်း သိရပါတယ်။

စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့်  ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး ဆောင်ရွက်ပြီး ပြည်တွင်း၌ စားသုံးဆီပိုမိုတိုးမြှင့်ထုတ်လုပ်၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို အဆင့်ဆင့်လျှော့ချရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံဖြန့်ဖြူးရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူဦးရေနှင့်စားသုံးမှုနှုန်းအပေါ်မူတည်၍ ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ် အခြေခံလျာထားပြီး၊ လျာထားသည့်အတိုင်း အပြည့်အဝရောက်ရှိစေရေး အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိတယ်လို့ သိရပါတယ်။

သို့သော် ဝယ်ယူရရှိထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးပြုခြင်းမရှိဘဲ တစ်ဆင့် ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားပါတယ်။


သို့ဖြစ်၍ စားအုန်းဆီများ စားသုံးသူပြည်သူများ၊ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအစရှိသည့် လုပ်ငန်းရှင်များထံ အပြည့်အဝရောက်ရှိ စေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမှန်တကယ်လိုအပ်သည့်အရေအတွက်ကိုသာ လျှောက်ထားဝယ်ယူအသုံးပြုရန် လိုအပ်ကြောင်းကိုလည်း အဆိုပါ ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

Photo – GP

Your Ad Here
Ad Size: 336x280 px

More News