[latest_news_marquee]

သေမင်းတမန် မီးရထားလမ်းပြတိုက်အား အဆင့်မြှင့်တင်မည်

မွန်ပြည်နယ်ရှိ သေမင်းတမန် မီးရထားလမ်းပြတိုက်အား အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အဆိုပါ ပြတိုက်ဧရိယာအတွင်း ကလေးကစားကွင်း၊ ကော်ဖီဘားနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။

အဆိုပါပြတိုက်ကို တလမွန်ကုမ္ပဏီလီမိတက်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ ဩဂုတ် ၃ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်အတူ ပြည်နယ်ဝန်ကြီးများ ပါဝင်သည့်အဖွဲ့သည် သေမင်းတမန်မီးရထားလမ်းပြတိုက်အား ကွင်းဆင်းကြည့် ရှုခြင်းများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အတွင်းရှိ သေမင်းတမန်မီးရထားလမ်းပြတိုက်၊ ဓနသဟာယစစ်သင်္ချိုင်း၊ စက်စဲကမ်းခြေ စသည့်နေရာများကို တစ်ဆက်တည်းသွားရောက်လည်ပတ်မှုများရှိကြောင်း၊ ဒေသစီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည့် လမ်း၊ တံတား၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး စသည့်အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရန် ဦးစားပေးလိုအပ်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ယူဆောင်ရွက်သည့် ဌာနများ၊ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် ပြီးမြောက်အောင်မြင်ရေး စနစ်တကျကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း စသဖြင့် ထည့်သွင်း ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ထို့အပြင် ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှု၊ သံဖြူဇရပ်စစ်သင်္ချိုင်းအား (ဓနသဟာယစစ်သင်္ချိုင်းကော်မရှင်)က တည်ဆောက်ထိန်းသိမ်းထားမှု၊ စက်စဲကမ်းခြေရှိ ဟိုတယ်၊ မိုတယ်များ၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်ရှိ ကျိုက်ရာမည ဇိနထိုင်တော်မူရုပ်ပွားတော်ကျောင်းဆောင် တန်ဆောင်း၊ ဘက်စုံမွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုနှင့် မော်လမြိုင်-ရေး-ထားဝယ် မြိတ်လမ်းမိုင် (၃၂/၂-၃၂/၃) ရှိ အဘစ်တံတား အဆင့်မြှင့်တင် ဆောင်ရွက်နေမှုတို့ကို ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

သေမင်းတမန်မီးရထားလမ်းပြတိုက်, မွန်ပြည်နယ်, အဆင့်မြှင့်တင်,

Your Ad Here
Ad Size: 336x280 px

More News