[latest_news_marquee]

ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေး လုပ်ငန်းများ ဩဂုတ် ၁၇ ရက်နေ့ မတိုင်မီ လိုင်စင်လျှောက်ထားရမည်

ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်း တည်ထောင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်းပြီး လာမည့် ဩဂုတ် ၁၇ ရက်နေ့မတိုင်မီ လိုင်စင်လျှောက်ထားရမှာ ဖြစ်တယ်လို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့မှ သိရပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်၍ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့သည် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဂ္ဂလိက ကုသမှု အထောက်အကူပြုသင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် လုပ်ငန်းများ စည်းကမ်းတကျ တည်ထောင်ဖွင့်လှစ်နိုင်ရန် ညွှန်ကြားချက်အမှတ်၊ ၄၁ /၂ဝ၂၆ ကို ယခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် ပုဂ္ဂလိက ကုသမှုအထောက်အကူပြုသင်တန်းကျောင်းလုပ်ငန်း သို့မဟုတ် ပုဂ္ဂလိက ပြင်ပ လူနာခွဲစိတ်ကုသရေးလုပ်ငန်း တစ်ရပ်ရပ်လုပ်ကိုင်လိုသူသည် ဆောင်ရွက်လိုသော လုပ်ငန်းနှင့် သက်ဆိုင်သည့်ပုံစံကို မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံးမှ ရယူ၍ လုပ်ငန်းတည်ထောင်ဖွင့်လှစ်ရာ မြို့နယ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်သူ မည်သူမဆို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ ပုဒ်မ ၃၁ အရ အရေးယူခံရမှာဖြစ်တယ်လို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှိရမည့်အင်္ဂါရပ်များ၊ အချက်အလက်များ ပြည့်စုံစွာတင်ပြလာပါက ကြန့်ကြာမှုမရှိဘဲ လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ, လိုင်စင်, ပုဂ္ဂလိကပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်း, ကျန်းမာရေး, 

Your Ad Here
Ad Size: 336x280 px

More News