[latest_news_marquee]

လေးမျက်နှာမြို့ ရေဘေးသင့်ဒေသများ ဆက်သွယ်ရေးကွန်ရက် မပြတ်တောက်စေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်သုံးဆီများ လုံလောက်စေရေး ဆောင်ရွက်ပေးနေ

လေးမျက်နှာမြို့ ရေဘေးသင့်ဒေသများနှင့် ဆက်သွယ်ရေးကွန်ရက် မပြတ်တောက်စေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်သုံးဆီများ လုံလောက်စေရေးတို့ကို ဆောင်ရွက်ပေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကယ်ဆယ်ရေးလုပ်ငန်းသုံး ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက် ဓာတ်ဆီ ၅၄၁ ဂါလံနှင့် ဒီဇယ်ဆီ ၂၈၀ ဂါလံကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟင်္သာတမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်မှလည်း ကယ်ဆယ်ရေးယာဉ်များအတွက် လိုအပ်သည့် စက်သုံးဆီများ ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။ ထို့အတူ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာရုံးက ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ထိုသို့ဆောင်ရွက်ရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှပေးပို့သော B2B satellite terminal (၂)စုံအား လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စစ်ကွင်းဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတွင်(၁) စုံ၊ လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ဆိတ်နို့ကုန်းကျေးရွာတွင်(၁)စုံ၊ Cell on wheel COW ရွေ့လျားမိုဘိုင်းကားတပ်ဆင်နိုင်ရေးတို့အတွက်လည်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသော လေးမျက်နှာမြို့နယ်ရှိ မိုဘိုင်းစခန်းများကိုလည်း ရေပြန်လည်ကျဆင်းသွားပါက ဆက်သွယ်မှုပြန်လည်ရရှိစေရန် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photos- ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

Your Ad Here
Ad Size: 336x280 px

More News