[latest_news_marquee]

ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား တက္ကသိုလ်ပညာသင်ဆု လစဉ် ကျပ် ၃ သိန်းနှင့် နှစ်စဉ် သင်ထောက်ကူကြေး ကျပ် ၅ သိန်းကို ဧရာဝတီဖောင်ဒေးရှင်းက ထောက်ပံ့မည်

၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနက် အရည်အချင်းနှင့် ကိုက်ညီသူ (၅၀) ဦးကို ရွေးချယ်ကာ တက္ကသိုလ်ပညာသင်ကြားနေသည့် ကာလတစ်လျှောက် ဧရာပညာသင်ဆု (AYA Scholarship) ကို ဧရာဝတီဖောင်ဒေးရှင်းက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ ပညာသင်ဆုရရှိသူများအား လစဉ် ပညာသင်ဆုကြေး ကျပ် ၃ သိန်းနှင့် သင်ထောက်ကူပစ္စည်းများ ဝယ်ယူနိုင်ရန် နှစ်စဉ် ထောက်ပံ့ကြေး ကျပ် (၅) သိန်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူဖြစ်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတစ်ခုခုတွင် ဝင်ခွင့်ရရှိထားသူ ဖြစ်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသည့် ပညာသင်ဆုလျှောက်လွှာပုံစံကို ဖြည့်စွက်၍ လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများနှင့်အတူ ယခုနှစ် လာမည့် အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထားကာ ဧရာဝတီဖောင်ဒေးရှင်းရုံးသို့ ပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Photo – AYA

Your Ad Here
Ad Size: 336x280 px

More News