[latest_news_marquee]

ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ထားရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ သိရပါတယ်။

ဘီးလင်းမြစ်ရေမှာ ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေ အမှတ် (၁၀၂၂) စင်တီမီတာအထက် (၁၀၂၉) စင်တီမီတာသို့ (၇) စင်တီမီတာ ကျော်လွန်ရောက်ရှိလာသည့်အတွက် မြို့ပေါ် ရပ်ကွက် (၄)ခု နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာ မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များ၌ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ဇူလိုင် ၁၄ ရက်မှာ ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်အောက် အနည်းငယ် ထပ်ကျသွားပေမယ့် ရေထပ်တက်နိုင်တဲ့ အနေအထားမှာရှိနေလို့ စောင့်ကြည့်နေရတယ်လို့လည်း ဘီးလင်းမြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။ 

ထို့ကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တဲ့ ရေဘေးသင့်ပြည်သူများအား မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီစဉ်မှုဖြင့်  ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုဖွင့်လှစ်၍ အိမ်ထောင်စု ၄၂၇ စု လူဦးရေ ၁၆၂၆ ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းနှင့် ဆန်၊ ရေသန့်၊ ကြက်ဥ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ကူညီနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

Photo – MOI/MFSD

Your Ad Here
Ad Size: 336x280 px

More News