လေးမျက်နှာမြို့ ရေဘေးသင့်မှုကြောင့် ဩဂုတ်လ ၄ ရက်နေ့ညနေပိုင်းအထိ ကောက်ယူရရှိသော အချက်အလက်များအရ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈ စု၊ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပေး လျက်ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီတိုင်းတာချက်များအရ ငဝန်မြစ်၏ လေးမျက်နှာမြို့ရေအမှတ်မှာ ၂ ဒသမ ၄ လက်မခွဲခန့် လျော့ကျလာတာကို တွေ့ရှိရပြီး ရေစီးကျော်ဝင်မှုအား တားဆီးနိုင်ရန်အတွက် ပန်းတာ၏ လက်ယာဘက်နဲ့ လက်ဝဲဘက်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရန် ရေထုစီးနှုန်းနှင့်ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
ထို့အအပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှ ပေးပို့သော B2B satellite terminal ၂ စုံ အား လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စု စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရစခန်းတွင် တစ်စုံ၊ လေးမျက်နှာမြို့နယ် သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တစ်စုံ တပ်ဆင်ထားရှိပြီး Call on wheel (COW) ရွေ့လျားမိုဘိုင်းကားအား စာရေးကွင်းတွင်တပ်ဆင်ထားရှိပြီး MPT အသုံး ပြုသူများသည် စက်၏တစ်မိုင်ခွဲပတ်လည်အတွင်း ဖုန်းပြောခြင်းနှင့် data အား ဩဂုတ် ၄ ရက်နေ့ ညနေပိုင်းတွင် စတင်အသုံးပြုနိုင် ပြီဖြစ်ပြီး ငဝန်မြစ်ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားသော လေးမျက်နှာမြို့နယ်အတွင်းရှိ မိုဘိုင်းစခန်း များအား ရေကျဆင်းပါကဆက်သွယ်မှုပြန်လည်ရရှိစေရေး စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ထို့အတူ ကယ်ဆယ်ရေးအဖွဲ့များတွက် ယနေ့အထိ စုစုပေါင်း ဓာတ်ဆီ ၁,၀၈၈ ဂါလံနှင့် ဒီဇယ်ဆီ ၄၀၂ ဒသမ ၅ ဂါလံတို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
Photo- ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့






