[latest_news_marquee]

ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့်လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲ ၄ ရက်ကြာ ကျင်းပလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည် အရောင်းပြပွဲ (5th Yangon International Gems & Jewelry Fair 2026)  ကို ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel ၌ ၄ ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ အရောင်းပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ဖြင့် ခေတ်မီကျောက်မျက်ရတနာအမျိုးပေါင်း ၁၃၀ ကျော်တို့ကို ဩဂုတ်လ ၆ ရက်မှ ၉ ရက်အထိ ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်ခဲ့ကာ ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်းနှင့် ကျောက်မျက်များကို အထည်ဒီဇိုင်း လှပရေး၊ ခေတ်မီဆန်းသစ်သည့် အနုပညာမြောက် လက်ဝတ်ရတနာ ဒီဇိုင်းများ ဖန်တီး၍ စည်းရုံး ထိုးဖောက်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။  

မြန်မာ့ကျောက်မျက်ရတနာအချောထည်ကဏ္ဍကို ပြည်တွင်းမှ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက အသင်းတည်ထောင်ခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် လူငယ်များအတွက်ကျောက်မျက်အကြောင်း သိကောင်းစရာစကားဝိုင်းများ၊ ကျောက်မျက်လေလံပွဲများကိုပါ ထည့်သွင်းကျင်းပပေးထားကြောင်းသိရပါတယ်။

ပဥ္စမအကြိမ်မြောက်, ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်နှင့်လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲ, Gems, Jewellery,

Your Ad Here
Ad Size: 336x280 px

More News