[latest_news_marquee]

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအကြား ရေနံ နည်းစနစ်ကျတွင်းတူးဖော်ထုတ်လုပ်ရန် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များကြား ရေနံ နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် (Operating Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါလက်မှတ်ရေးထိုးပွဲကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ဇွန် ၃၀ ရက်နေ့က ကျင်းပခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုလက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခင်က ခွင့်ပြုပေးထားသည့် ရေနံလက်ယက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်ပိုင် ရေနံ သယံဇာတများအား လေလွင့်ဆုံးရှုးမှု နည်းပါးစွာ၊ ရေရှည်အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ ပြည်တွင်းရေနံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးတိုအပြင် ပြည်တွင်းလုပ်ငန်းရှင်များ၏ ကိုယ်ပိုင်ငွေကြေးအရင်းအနှီးများအား ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံစေရန်ရည်ရွယ်၍ ရေနံနည်းစနစ်ကျတွင်း (Standard Well)များ တူးဖော်ထုတ်လုပ်နိုင်ရန်အတွက် တင်ပြလာသည့် ကုမ္ပဏီများကို စနစ်တကျစိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ ထွက်ရှိလာမည့် ရေနံစိမ်းများကို စနစ်တကျသန့်စင်ပြီး နိုင်ငံပိုင်ရေနံချက်စက်ရုံများသို ပိုဆောင်ချက်လုပ်သွားမည်ဖြစ်ရာ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်း၊ ယခု စာချုပ်ချုပ်ဆိုသည့် ကုမ္ပဏီများအနေဖြင့်လည်း နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိစေမည့် ရေနံနည်းစနစ်ကျတွင်း (Standard Well)များကို စနစ်တကျ တူးဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံဖြိုးတိုးတက်လာစေရေး၊ မိမိတို လုပ်ကိုင်ဆောင်ရွက်မည့် ဒေသအတွင်း ဖွံဖြိုးတိုးတက်အောင် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ယခုလုပ်ကိုင် ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် နည်းစနစ်ကျတွင်းတူးဖော်ခြင်း လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်သည့် ရေနံလုပ်ငန်းရှင်များအဖြစ် တိုးတက်လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထိုနောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်း၍ လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးကာ စာချုပ်များ အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo –MOI

Your Ad Here
Ad Size: 336x280 px

More News