[latest_news_marquee]

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရှိ တိုးလ်ဂိတ် ၆ ဂိတ်တွင် မော်တော်ယာဉ်များ ရပ်တန့်စရာမလိုဘဲ ဖြတ်သန်းနိုင်မည့် Toll Pass RFID စနစ် စမ်းသပ်ဆောင်ရွက်နေ

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တိုးလ်ဂိတ်များ၌ Electronic Toll Collection (ETC) စနစ်အား Radio Frequency Identification Device (RFID) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိရာ အသုံးပြုသူများအနေဖြင့် Toll Pass Mobile Application နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်  တိုးလ်ဂိတ် ၆ ဂိတ်မှာ တပ်ဆင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။


အဆိုအပါ Toll Pass RFID စနစ်ပြီးစီးပါက မော်တော်ယာဉ်များ တိုးလ်ဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Freeflow ဖြတ်သန်းနိုင်ခြင်း၊ အချက်အလက်များ ပိုမိုတိကျမှန်ကန်စွာ စုဆောင်းနိုင်ပြီး ငွေသားဖြင့် ပေးဆောင်ရန်မလိုအပ်တော့သဖြင့် လေလွင့်ဆုံးရှုံးမှုများ ပပျောက်ကာ Cashless စနစ်သို့ ပြောင်းလဲနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ဩဂုတ် ၉ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ နေပြည်တော်တိုးလ်ဂိတ်၌ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပုံမှန်သွားလာလျက်ရှိသော ခရီးသည်တင်မှန်လုံယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့် စည်းကမ်းတကျ မောင်းနှင်စေရေးအတွက် Telematic စနစ်တပ်ဆင်ထားပြီး မော်တော်ယာဉ်များကို စောင့်ကြည့်ထိန်းသိမ်းခြင်းအခြေအနေ၊ ယခင်အသုံးပြုနေသည့် ETC စနစ်ကို RFID စနစ်ဖြင့် လမ်းအသုံးပြုခပေးချေသည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲပြီး ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် – ရန်ကုန်လမ်းပိုင်း) ရှိ တိုးလ်ဂိတ် ၃ ဂိတ်တွင် တပ်ဆင်စမ်းသပ်ဆောင်ရွက်မှုအခြေအနေနှင့် ၁၁၅ မိုင် (ဖြူး) တိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်_မန္တလေးအမြန်လမ်းမကြီး, ElectronicTollCollection ETCစနစ်, RadioFrequencyIdentificationDevice, RFID, TollPassMobileApplication,

Your Ad Here
Ad Size: 336x280 px

More News