[latest_news_marquee]

ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူပေါင်း ၁၉၀ ကျော်ရှိခဲ့ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ၆ လတာကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၉၀ ကျော်ရှိခဲ့ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။
 
အဆိုပါ ကာလမှာ ယာဉ်မတော်တဆမှု ၃၆၀ ရှိခဲ့ကာ ဒဏ်ရာရရှိသူ ၄၄၄ ဦးနှင့် သေဆုံးသူ ၁၉၁ ဦးအထိ ရှိခဲ့ပြီး ကုန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ကာလတူမှာတော့ ယာဉ်မတော်တဆမှု ၃၈၆ ကြိမ်ရှိခဲ့သော်လည်း ဒဏ်ရာရရှိသူ ၃၉၆ ဦးနှင့် သေဆုံးသူ ၁၇၈ ဦးသာရှိသည့်အတွက် ယခုနှစ် ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။
 


ယခုနှစ်တွင် နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုဖြစ်ပွားရာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ထို ၆ လတာကာလအတွင်း နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၁,၆၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၂,၃၇၁ ဦးနှင့် သေဆုံးသူ ၉၃၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
 
ထို့ကြောင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာကြရန်နှင့် ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။
 
ယာဉ်မတော်တဆမှု, ထိခိုက်သေဆုံး, RoadInjury, ယာဉ်တိုက်မှု,

Your Ad Here
Ad Size: 336x280 px

More News