မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည်နှင့် ပျော်ဘွယ်မြို့တို့တွင် ရထားလမ်း ခုံးကျော်တံတားများ တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
လက်ရှိမှာ ရထားလမ်းခုံးကျော်တံတားများ တည်ဆောက်မည့် နေရာတွင် ပဏာမတိုင်းတာ လေ့လာမှုဆောင်ရွက်နေကြောင်း သိရပါတယ်။
ရထားလမ်းခုံးကျော်တံတား (သာစည်)ကို မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့၊ ပြည်ထောင်စုလမ်းမကြီး (AH2) မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ်လမ်း မိုင်တိုင်အမှတ် (၁၃/၀-၁)ကြားတွင်တည်ရှိသည့် ရန်ကုန် – မန္တလေး ရထားလမ်း (ပျော်ဘွယ်-သဲတော) အပိုင်း သာစည်ဘူတာရုံ မရောက်မီ ပေ ၁၃၀၀ အကွာနှင့် မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် ကားလမ်းဆုံသည့် နေရာတွင် တည်ဆောက်ရန် လျာထားခြင်းဖြစ်ကြောင်း သိရပါတယ်။
အလားတူ ရထားလမ်းခုံးကျော်တံတား (ပျော်ဘွယ်) ကိုလည်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့လယ်တွင် တည်ရှိသည့် ပြည်ထောင်စုလမ်းမကြီး (AH1) ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်တိုင်အမှတ် (၂၈၅/၇-၂၈၆/၀) အကြားတွင် တည်ဆောက်ရန် လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ရထားလမ်းခုံးကျော်တံတား, သာစည်, ပျော်ဘွယ်,






