[latest_news_marquee]

ရန်ကုန်တိုင်းအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် တိုင်းအတွင်းရှိ ရေလှောင်ကန်၊ ရေတွန်းစက်ရုံများနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် တိုင်းအတွင်းရှိ ရေလှောင်ကန်၊ ရေတွန်းစက်ရုံများနှင့် စားသောက်ဆိုင်များ၏ ရေသုံးစွဲမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများဦးဆောင်ကာ ဩဂုတ် ၁၂ ရက်နေ့ ညနေပိုင်းက လမ်းမတော်မြို့နယ်သို့ ရေပေးဝေလျက်ရှိသော သခင်မြပန်းခြံ ရေလှောင်ကန် နှင့် ရေတွန်းစက်ရုံ၊ ကမ်းနားလမ်းနှင့် ရွှေတောင်တန်း လမ်းထောင့်ရှိ ထပ်ဆင့်ရေတွန်းစက်ရုံ၊ လသာမြို့နယ် (၁၉)လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ထပ်ဆင့်ရေတွန်းစက်ရုံတို့အား ကွင်းဆင်စစ်ဆေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုက်များအတွင်း Booster Chlorine ဆေးခတ်ခြင်း၊ Residual Chlorine ပမာဏ တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို စစ်ဆေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News