[latest_news_marquee]

မြန်မာကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်း အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်


မြန်မာကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းဟာ အမျိုးသမီးအာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့် အုပ်စုပွဲစဉ်အားလုံးကို အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ တရုတ်(တိုင်ပေ)ကလပ် New Taipei City အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အခုလိုခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲ ၃ ပွဲမှာ စင်ကာပူကလပ် FC Jourong အသင်းကို ၄ ဂိုး ဂိုးမရှိ၊ လက်ဘနွန်ကလပ် No Limits FC အသင်းကို ၈ ဂိုး ဂိုးမရှိ၊ တရုတ်(တိုင်ပေ)ကလပ် New Taipei City အသင်းကို တစ်ဂိုး ဂိုးမရှိတို့ဖြင့် အုပ်စု ၃ ပွဲလုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Your Ad Here
Ad Size: 336x280 px

More News